•                             မြန်မာကျောင်းသားများအတွက် GED၊ IGCSE၊ SAT နှင့် AP စာမေးပွဲ သင်တန်းများ


    📘 သင်တန်းအကြောင်း

    ဒီသင်တန်းကတော့ ထိုင်းနိုင်ငံတွင်နေထိုင်နေသော ရွှေ့ပြောင်း မြန်မာလူမျိုးကျောင်းသားများအတွက် စီစဉ်ထားတာဖြစ်ပြီး၊ မိမိပညာရေးအနာဂတ်ကိုတိုးတက်အောင်လုပ်နိုင်ဖို့အတွက် GED, IGCSE, SAT, နဲ့ AP စာမေးပွဲများအတွက် ပြင်ဆင်သင်ကြားပေးမယ့် အွန်လိုင်းသင်တန်းဖြစ်ပါတယ်။

    ဒီသင်တန်းကနေသင်ယူပြီးရင် တက္ကသိုလ်ဝင်ခွင့်အတွက်လျှောက်လွှာတင်နိုင်တာမျိုး၊ အလုပ်အကိုင်အခွင့်အလမ်းရနိုင်တာမျိုးတွေအထိ ရည်ရွယ်ထားတာပါ။

    🎯 သင်တန်းကိုဘယ်သူများအတွက် စီစဉ်ထားလဲ?

    • ထိုင်းနိုင်ငံတွင်နေထိုင်နေသော အသက် ၁၄ မှ ၂၅ ကြား မြန်မာကျောင်းသားများ

    • ပုံမှန်ကျောင်းမတက်နိုင်သူများ

    • GED / IGCSE / SAT / AP စာမေးပွဲများအတွက် ပြင်ဆင်လိုသူများ


    📚 သင်ကြားမည့်ဘာသာရပ်များ

    စာမေးပွဲ သင်ကြားမည့်ဘာသာရပ်များ
    GED အင်္ဂလိပ်စာ၊ သင်္ချာ၊ သဘာဝဗေဒ၊ လူမှုရေးဗေဒ
    IGCSE အင်္ဂလိပ်စာ (ESL), သင်္ချာ, ဇီဝဗေဒ, Global Perspectives
    SAT Reading, Writing & Language, Math, Essay
    AP AP English, AP Calculus, AP World History, AP Biology

    🌟 သင်တန်းရဲ့ အထူးအင်္ဂါရပ်များ

    • 📖 မြန်မာ + အင်္ဂလိပ်နှစ်ဘာသာလုံးဖြင့် သင်ကြားမှု

    • 🕘 ကိုယ်ပိုင်အချိန်တိုင်းမှာ သင်နိုင်တဲ့ပုံစံ

    • 📶 အင်တာနက်မရှိတဲ့အခါမှာလည်း သင်နိုင်ဖို့အတွက် Offline ဖိုင်တွဲများ

    • 🧠 စာမေးပွဲဖြေရာအတွက် Mock Test, Quiz, Feedback အပြည့်အစုံ

    • 🤝 မိမိလိုအပ်ချက်အပေါ်အခြေခံပြီး ဆရာ/မနဲ့ တိုင်ပင်နိုင်ခြင်း


    💡 သင်ဘာကြောင့် ဒီသင်တန်းကိုတက်သင့်လဲ?

    မြန်မာကျောင်းသားတော်တော်များများဟာ ထိုင်းနိုင်ငံမှာပညာရေးအခွင့်အလမ်း များစွာနဲ့ဝေးကွာနေကြပါတယ်။

    သင်တန်းပြီးသွားလျှင်

    • GED, IGCSE, SAT, AP စာမေးပွဲတွေအောင်ဖြေဖို့ ပြင်ဆင်မှုရရှိမယ်

    • တက္ကသိုလ်ဝင်ခွင့်အတွက် လျှောက်လွှာတင်ဖို့ ပြင်ဆင်နိုင်မယ်

    • အင်္ဂလိပ်စာ ပြော/ဖတ်/ရေး ကျွမ်းကျင်မှု တိုးတက်လာမယ်

    • အနာဂတ်ကို ယုံကြည်စွာ စီမံတတ်လာမယ်။

Available courses

နိုင်ငံတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားနိုင်ရန် လိုအပ်သည့် SAT Math နှင့်ပက်သက်၍ လေ့လာနိုင်ပါသည်။

Pearson Edexcel နှင့် CIE ဘာသာရပ်ဖြစ်သော IGCSE Chemistry နဲ့ပက်သက်၍ ကျောင်းသားကျောင်းသူများ လေ့လာနိုင်ပါသည်။

GED Social Studies ဘာသာရပ်နှင့်ပက်သက်ပြီးလေ့လာနိုင်သော Recources များ၊ သင်ခန်းစာများ၊ ဗီဒီယိုများ၊ ကစားနည်းများ၊ လေ့ကျင့်ခန်းများပါဝင်သည်။